မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့၌ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၇ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်တတ်သောရောဂါများ ကာကွယ်ကုသရေးအစီအစဉ် ရက်(၁၀၀)စီမံချက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အလယ်ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနာကဇာတင်လှူခြင်း င်္ဂလာအခမ်းအနားကျင်းပ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊မြင်းကပါကျေးရွာ သထုံဘုရင်မနူဟာမင်းကြီးနှင့် မိဖုရားနင်္ဂလာဒေဝီတို့ တည်ထားကိုးကွယ်တော်မူခဲ့သည့် မနူဟာဘုရားကြီး ရွှေထီးတော်၊ ငှက်မျက်နားတော်နှင့် ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် အလယ်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည့်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေကအနာကဇာတင်လှူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မနုဟာဘုရားကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့်အရံစေတီလေးဆူ ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်းအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီလေးဆူရွှေသင်္ကန်းကပ်လှူပြီးစီးမှု ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီအချိန်က အာနန္ဒာဘုရားကြီး တောင်ဘက်မုခ်တွင်ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ နွေနှမ်းများ စတင်ရိတ်သိမ်းပြီး အထွက်နှုန်းကောင်းပြီး ဈေးကောင်းရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။၂၀၂၆ ခုနှစ် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက်ကောင်းမွန်သည့် ရာသီဥတု ဖြစ်ခဲ့တာကြောင့် တစ်ဧကအထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာ တစ်တင်း ၁၁၀,၀၀၀/-ကျပ်ကျော် ပေါက်ဈေးရရှိတာကြောင့် နွေနှမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာမှ တောင်သူ ဦးကျော်စွာက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် အခမ်းအနား ကျင်းပ

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွန်ချက်နှင့်အညီ မြို့ပြအင်္ဂါရပ် သာယာလှပဖို့အတွက် မန္တလေးတိုင်းဒေသကြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဖိုရမ် အခမ်းအနား (Mandalay Region Communications Sector Development Forum) ကို ယမန်နေ့နံနက် (၁၁)နာရီမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟော်တယ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်း နွေစပါးစိုက်ခင်းနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

မိတ္ထီလာမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစိုက်ခင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နို့စားနွားမွေးမြူရေးလုပ်ငန်း အခြေအနေများကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ စာကြည့်တိုက်များနယ်လှည့် ကွင်းဆင်းဆောင်ရွက်ပြီး သုတနှင့် ရသ စာအုပ်များ‌လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကူမဲမြို့ စာပန်းဥယျာဉ်စာကြည့်တိုက်နှင့် သာလွန်ကျေးရွာ မြင့်မြတ်သာလွန်‌စာကြည့်တိုက်များသို့ မေ ၂၇ ရက်နေ့နံနက်ပိုင်းက စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများအား တွေ့ဆုံ၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးမြို့၌ (၁၀)နှစ်ပြည့် MABA အသင်းနှစ်ပတ်လည်အထိမ်းအမှတ်နှင့် မြန်မာ-ဂျပန်ယဉ်ကျေးမှုပွဲတော်ကျင်းပမည်

မြန်မာ-ဂျပန်မိတ်ဖက် စီးပွားရေးလုပ်ငန်းရှင်များအသင်း (MABA) ၏ (၁ဝ)နှစ်ပြည့်အခမ်းအနားနှင့် Mandalay -Japan Festival” ပြပွဲ၊ ပြိုင်ပွဲများကို လာမည့် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် မန္တလေးမြို့၊ မင်္ဂလာမန္တလေး (Promotion Area)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မင်္ဂလာမန္တလေး unit 6 တွင် ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ဟော်တယ်၊ မိုတယ်နှင့် တည်းခိုခန်းများ မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် ဟော်တယ်၊ မိုးတယ်နှင့် တည်းခိုခန်းများ မီးလန့်မှု မီးလောင်မှု မဖြစ်ပွားစေရေး စစ်ဆေး၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၃)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ Triple Lion Hotel အား သွားရောက်စစ်ဆေး၍ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး