ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် သင်တောင်းကျေးရွာအုပ်စု၊ တောင်လွှဲကျေးရွာ၌ ဒေသနွားနှင့် နို့စားနွားများအား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းနှင့် နွားမွေးမြူသည့် တောင်သူများအား တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။