မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၈၅၇၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၈၅၇၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့၌ မေ ၄ ရက် နံနက် ၈ နာရီက ရောင်းချပေးကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မြသိန်းတန်ဘုရားရေသပ္ပာယ်

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်နိုင်ရပ်ကွက်ရှိ မြသိန်းတန်မြတ်စွာဘုရားတွင် ဘုရားစေတီများအား ရေသပ္ပာယ် ပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၃ ရက်က အဆိုပါစေတီ ရင်ပြင်တော်တွင် ကျင်းပသည်။

မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုး ဦးဆောင်၍  ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ်  ၆ ရပ် ကွက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက်ကလေးငယ်များအား မေ ၄ ရက် နံနက် ၉နာရီအချိန်ကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်း မာရေးဌာနရုံးခန်းတွင် ဆောင်ရွက်သည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ဝံသပါလမိဘမဲ့ဂေဟာသို့ စုပေါင်းလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့် ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသူရလင်း၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက  နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရမည်းသင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဝံသပါလမိဘမဲ့ ဘုန်းတော်ကြီးကျောင်းတွင် ဆန်/ဆီ/ဆား/ဆေး လှူဘွယ်ပစ္စည်းများ၊ နေ့ဆွမ်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းသည်။

ပုသိမ်ကြီးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေဖြင့် ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းနှင့် UID ကောက်ယူခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆင်ပွတ်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်နှင့်တပ်ဖွဲ့ဝင်များက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ တတိယအကြိမ် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် မေ ၄ ရက် နံနက် ၁၀ နာရီက  နေ့ချင်းပြီးဆောင်ရွက်ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရက်(၁၀၀)စီမံချက်ဖြင့်  ကျွဲနွားကာကွယ်ဆေးထိုးနှံပေး 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ကျွဲနွားခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေ စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့နံနက် ၉နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုနေပြီဖြစ်ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး