ဧရာဝတီတိုင်းဒေသကြီး

မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ဘုရားဖူးဧည့်သည်များဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

(၁၁၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ရေသွန်းပူဇော်ပွဲနှင့် သမုတိသံဃာ (၃၅၁) ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူ

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အခါသမယတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၏ မြို့နယ်လုံးဆိုင်ရာ (၁၁၁)ကြိမ်မြောက် ရေသွန်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက သကျမဟာသီရိ ဘုရားကြီးဝင်းအတွင်း၌ ပြုလုပ်သည်။

လပွတ္တာမြို့နယ်၌ ဇီဝိတဒါနအဖြစ် ရေချိုပုစွန်လွှတ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါနအဖြစ် ရေချိုပုစွန်လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လိန်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ တမံချောင်းတွင် ကျင်းပသည်။

ကြံခင်းမြို့၌ မြို့လုံးကျွတ်စတုဒီသာကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ မြို့လုံးကျွတ်စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ရေပက်ခံလာရောက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) အချိန်က အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော် အရှေ့ဘက်ရှိတုံးလှဲချောင်းမြစ်တွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၃၈၈ ခုနှစ် မြန်မာနှစ် ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ယနေ့နံနက် (၁၀) နာရီခန့်က ကျင်းပခဲ့သည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် ယနေ့နံနက်ပိုင်းတွင် စည်ကားလျက်ရှိသည်။

မြောင်းမြတွင် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်၌ ရွှေသာလျောင်းဘုရားဝန်းအတွင်းရှိ မြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့ ရွှေအိမ်ရတနာဘိုးဘွားရိပ်သာတွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရွှေအိမ်ရတနာ ဘိုးဘွားရိပ်သာ၌ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ မြန့်မာ့နှစ်ဆန်း (၁) ရက်နေ့ နံနက် ၈ နာရီတွင် ရွှေအိမ်ရတနာဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၇၃) ဦး လွတ်ငြိမ်းခွင့်ရရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အကျဉ်းသူများအနက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၄၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ယနေ့နံနက်ပိုင်းက အကျဉ်းသား/အကျဉ်းသူ (၇၃) ဦး လွတ်ပေးသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး