ဧရာဝတီတိုင်းဒေသကြီး

ချောင်းသာမြို့၌ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းနှင့် စတုဒီသာများကျွေးမွေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ချောင်းသာမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ချောင်းသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန အစည်းအဝေးခန်းမ၌ အန္တရယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ငွေဆောင်မြို့၌ မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် မြို့ကျက်သရေဆောင်မြို့ဦး စေတီတော်မြတ်အား ရေသပ္ပါယ်ပူဇော်

မြန်မာနှစ်သစ်ကူးအခါသမယမှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊​ ငွေ​ဆောင်မြို့ရှိ မြို့ဦးစေတီတော်မြတ်အား မြို့သူမြို့သားများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းစွာ ဖူးမြော်ကြည်ညိုနိုင်ကြစေရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ နှစ်ဆန်းနှစ်ရက်နေ့ ညနေပိုင်းက ရေသပ္ပါယ်ပူဇော်ခဲ့သည်။

သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်း စေတီတော်မြတ်ကြီးအား နှစ်သစ်အခါသမယတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်စေရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ပလကဖ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်အုပ်‌ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အမှတ် (၃) ရပ်ကွက်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာ အချိန်အခါတွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့ နံနက် ၇ နာရီက ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ကြီးမှူး၍ ဟင်္သာတမြို့ ပခန်းရပ်ကွက် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် ကျင်းပသည်။

မြောင်းမြတွင် (၈၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သာသနာတော်နှစ် ၂၅၇၀ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့ နေ့လယ် (၁) နာရီအချိန်က (၈၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားဖွင့်ပွဲကို ဖဲကြိုး ဖြတ်ဖွင့်လှစ်သည်။

ငါးသိုင်းချောင်းမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကျင်းပလျက်ရှိသော မြို့ပတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ညနေ ၃ နာရီ စတင်၍ ကျင်းပသည်။

ရေကြည်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့၊ သောင်ရွာကူးတို့ဆိပ်(ဓနသဲကွင်းအနီး)ရှိ သဘာဝရေပြင်အတွင်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဇီဝိတဒါန စုပေါင်းငါးလွှတ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ (၇၁) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဆွမ်း‌ဆန်တော်လောင်းလှူပွဲကို ယမန်နေ့နေ့လယ်ပိုင်းက တာဦးကဉ္စနာရာမကျောင်းတိုက်မှ စတင်ကြွချီရာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသိန်းထွန်းနှင့်ဇနီး ဒေါ်ဌေးဌေးထိုက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်းနှင့်ဇနီး ဒေါ်တင်တင်လှိုင်တို့ လာရောက်လောင်းလှူခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘေးမဲ့ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်

၁၃၈၈ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန (အဘယဒါန) ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်ရေပြင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး