ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့နယ်တွင် ၁၃၈၇ခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ တွင် ညောင်ပင်စျေးရပ်ကွက်အံတော် ပတ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပသည်။

မဟာသင်္ကြန်အကြိုနေ့မနက်ပိုင်းတွင် ဘိုကလေးမြို့နယ်မှ ဘုရားစေတီ ကျောင်းကန်များ၌ ဥပုသ်သီလခံယူဆောက်တည်သူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ကျောင်း၊ကန် များတွင် ယနေ့ ၁၃၈၇ခုနှစ် မဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်း၌ လူကြီး၊ လူငယ် အရွယ်စုံလင်စွာဖြင့် ဥပုသ်သီလခံယူဆောက်တည်ကြသူများ များပြားလျက်ရှိသည်။

ရွှေသောင်ယံကမ်း‌ခြေသို့ သင်္ကြန်အကြိုနေ့ ဧည့်သည်များဝင်ရောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ကမ်းခြေသို့ သင်္ကြန်အကြိုနေ ဧည့်သည်များအပန်းဖြေလာရောက်ကြသည်ကို တွေ့ရသည်။ ရွှေသောင်ယံမြို့ရှိ Sea&Lake အပန်းဖြေဥယျာဉ်သို့ သင်္ကြန်မတိုင်မီရက်များမှစတင်၍ ဧည့်သည်များဝင်ရောက်လျှက်ရှိပြီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုသင်္ကြန်အကြိုရက်တွင် အနားယူအပန်းဖြရန်လာရောက်ကြသော ဧည့်သည်များပိုမိုများပြားလျှက်ရှိသည်ကို တွေ့ရသည်။

မအူပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့ပြိုင်ပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကျိုက်လတ်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းတွင် ဧ ပြီလ ၁၁ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်များပျက်စီးမှု ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ စွန်းလွန်းဘုန်းတော်ကြီးကျောင်း၌ ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မဟာသ​င်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ပြီးစီးမှုအား ယနေ့နံနက်(၁၀) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ နွေစပါးရိတ်သိမ်းလျက်ရှိသည့် တောင်သူများအား စက်သုံးဆီများ ဖြန့်ဖြူးရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွေစပါးရိတ်သိမ်းလျက်ရှိသည့် တောင်သူများအား စက်သုံးဆီများစနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းရှိ ဦးအောင်မင်းစိန်၏ နေအိမ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က မီးဖိုဆောင်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ခဲ့ရာ စုစုပေါင်း နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးကြောင်း သိရသည်။

ဇလွန်မြို့နယ်၌ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာယဉ်ကျေးမှုများ နှင့်အညီ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာအလှူကျွေးမွေးခြင်းများဖြင့် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး