ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အိမ်မဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်တစ်ခုထားပြီး လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ဧပြီလ (၈)ရက်နေ့က စတင်ကာ ကြိုတင်ပြင်ဆင်လျက်ရှိသည်။

မအူပင်မြို့၌ ဗူးသွပ်ဆီ၊ ဆပ်ပြာအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုး ရောင်းချသောကုန်စုံဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဗူးသွပ်ဆီ၊ ဆပ်ပြာအမျိုးမျိုးနှင့် အချိုရည်အမျိုးမျိုးရောင်းချသော ကုန်စုံဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်းအား ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။

မြန်အောင်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့်လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရေး အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်း‌လျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရေး၊ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၇ ရက်နေ့နံနက်က မြန်အောင်ခရိုင် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒေးဒရဲမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့သည့် (၂၀၂၆) ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၄) နာရီက မြို့နယ်အားကစားခန်းမတွင်ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများ၊ အသင်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ ကဗျာရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ဗလငါးတန်ပြည့်စုံသော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကဗျာရေးသားနည်းသင်တန်းကို (၂၀၂၆) ခုနှစ်၊  ဧပြီလ (၈)ရက်နေ့ မွန်းလွဲ(၃) နာရီအချိန်က စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးကြပ်မတ်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ စစ်ဆေးကြပ်မတ်ခြင်းများကို မြို့နယ်ရှိတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူသိဒ္ဓိရှင်ဆု တောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက်တွင် တည်ထားကိုးကွယ်လျက်ရှိသော လောကမှန်ကူသိဒ္ဓိရှင်ဆု တောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး