ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဧပြီလ (၅) ရက်နေ့မွန်းလွဲ (၁) နာရီအချိန်က စကြာသီဟ-စကြာနန္ဒစေတီတော်ဝန်းအတွင်းရှိ ထွန်းညွှန့်ရတနာဓမ္မာရုံတော်ကြီး၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ဇလွန်မြို့၌ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ စာအောင်ဆုလက်မှတ်နှင့် အစိုးရအဘိဓမ္မာစာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲ စာအောင်ဆုလက်မှတ်နှင့် အစိုးရအဘိဓမ္မာ စာမေးပွဲစာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ရွာလယ်တံတား ကွန်ကရစ်တိုင်၊ သံပေါင်ရက်မ တံတားသစ်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ရွာလယ်တံတား ကွန်ကရစ်တိုင်၊ သံပေါင်ရက်မ တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်က ကျင်းပသည်။

မြန်အောင်မြို့နယ် သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သမဝါယမအသင်းသား အထွက်တိုးမျိုး(မိုးမြေပဲ)စိုက်တောင်သူများအား မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဧပြီ ၄ ရက်နေ့ နေ့လည်က မြို့နယ်သမဝါယမအသင်းစုအစည်းဝေးခန်းမ၌ ကျင်းပသည်။

မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေစကားဝိုင်းကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက Book Club အဖွဲ့ဝင်များနှင့် စာရေးဆရာများအသင်း စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။

မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက Paddy Star ဆန်စက်၌ ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့သည် နေ့စဉ်ကျေးရွာများအရောက် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ မြစိမ်းရောင်ဈေးတွင် ပြည်သူ (၃၀၀)ဦးတို့အား သွားရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သင်္ကြန်ယိမ်းအကများ ကြိုတင်လေ့ကျင့်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မဟာသ​င်္ကြန်ပွဲတော်ကာလအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကပြဖျော်ဖြေမည့် ယိမ်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကြိုတင်လေ့ကျင့်လျက်ရှိ‌ကြောင်း သိရသည်။

ကြံခင်းမြို့နယ် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ချောင်းခွကျေးရွာ နွေစပါးစိုက်ပျိုး အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုခြင်းနှင့် သမဝါယမအသင်းသားသို့ အရင်းမပျောက်မတည်ငွေ (သတ္တမအကြိမ်) မျိုးမြေပဲနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံကျေးရွာရှိ ကျေးရွာအုပ်ချုပ်‌ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။

ငပု‌တောမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နွေရာသီအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး