ဧရာဝတီတိုင်းဒေသကြီး

ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး

ယခုအခါ‌ နွေရာသီဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။

ရေကြည်မြို့နယ်၌ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား၍ မောင်းနှင်ခြင်း ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာ သုံးစွဲရေးအတွက် သတ်မှတ်ထားသည့် စုံရက်၊ မရက်များအလိုက် ယာဉ်များမောင်းနှင်နိုင်ခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မရပ်ကွက်၊ ပိတောက်ချောင်လမ်းဆုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။

မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေး ကြိုတင်လေ့ကျင့်ဆောင်ရွက်နေ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိရာ မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များပါဝင်ယှဉ်ပြိုင်ဖျော်ဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက် ကြိုတင်လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် သင်္ကြန်ယိမ်းအကများ လေ့ကျင့်လျက်ရှိ

ဧရာဝဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန သင်္ကြန်ယိမ်းအဖွဲ့များ ကြိုတင်လေ့ကျင့်လျက်ရှိ‌သည်။

ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက်(၇) နာရီခန့်က ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့၌ ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောကမာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက်(၇) နာရီခန့်က ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး မဏ္ဍပ်ဆောင်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီး၌ ကွင်းဆင်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကော်မတီ (၃) ရပ်အတည်ပြုဖွဲ့စည်း

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို အတည်ပြုဖွဲ့စည်းခဲ့သည်။

မအူပင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက်ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက် ကွင်းသရုပ်ပြပွဲနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများအား ယမန်နေ့နံနက် (၁၀)နာရီက ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာရှိ ကွင်းအမှတ် (၉၅၇)၊ ဦးပိုင်အမှတ် (၅၄/၂)၊ တောင်သူ ဦးစန်းမြင့်၏ နွေစပါးသီးနှံ (၁၀)ဧကစိုက်ခင်း၌ ဆောင်ရွက်သည်။

ဟင်္သာတမြို့နယ်တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး