ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့နယ် မြို့မစျေးကြီး၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မေလ ၅ ရက်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးပြာကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်မင်းထွန်း၊ ကွင်းအမှတ် ၃၇၂၊ ဦးပိုင်အ မှတ် ၈၅၊ စိုက်ဧက(၃.၀၀)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်၌ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိ မြို့ဖများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများ တွေ့ဆုံဆွေးနွေးပွဲကို ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ဧရာမင်းခန်းမ၌ ယမန်နေ့က ပြုလုပ်သည်။

ဟင်္သာတမြို့နယ်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေး/ ခုန်/ ပစ်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို၊ ဥယျာဉ်မြောက် ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဟင်္သာတခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေး/ ခုန်/ ပစ်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် မြေငှားဂရန်ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သောကျေးရွာမြေများ မြေငှားဂရန် ပြုလုပ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်း၍ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

ဧရာဝတီတိုင်း​ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ငွေဆောင်မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်း​ဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့စည်ပင်သာယာရေးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် (ငွေဆောင်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့) တို့ ပူးပေါင်း၍ ငွေဆောင်မြို့၊ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား မေလ (၄) ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၏ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြုလုပ်သည်။

ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အ​သေးစားအငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဇလွန်မြို့နယ်တွင် အစိုးရသစ်၏ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာ မြေငှားဂရန်ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် မေရီလန်းကျေးရွာ အုပ်စုအိုးဘိုစု​​ကျေးရွာတွင် မြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ဦးဆောင်သော ကျေးရွာမြေ ငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်အနေဖြင့် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အမှတ် (၄) ရပ်ကွက်၌ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး