ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းအား ယနေ့နံနက် (၉) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။