ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ မီးရထားနှင့် သံလမ်းအား အနှောင့်အယှက်မပေးရေး၊ ဥပဒေပြစ်ဒဏ်များအား အသိပညာပေး ဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မီးရထားသံလမ်းနှင့်နီးသော ဒေသခံပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား မီးရထား/သံလမ်းများ အနှောက်အယှက်မပေးရေး၊ ခဲဖြင့်ပစ်ပေါက်မှုထပ်မံမရှိစေရေးနှင့် ဥပဒေပြစ်ဒဏ်များအား ရှင်းလင်းခြင်းကို မတ်လ (၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီခွဲက အ.ထ.က (၁) ကျောင်း၌ အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။