ပဲခူးတိုင်းဒေသကြီး

ပေါက်ခေါင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မတ်လ ၃ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သာယာဝတီမြို့နယ် ဆရာစံခန်းမပြုပြင်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် မတ်လ ၄ ရက်က နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၆) မျိုး အခမဲ့ဖွင့်လှစ်သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း (၆) မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မိုးညိုမြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်မြတ်အား ကြိုဆိုပင့်ဆောင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အရှင်မြတ်အား ကြိုဆိုဂုဏ်ပြုပူဇော်ပင့်ဆောင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

(၃၅) ကြိမ်မြောက် ဝေါမြို့၊ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျှက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂ ရက်နေ့၊ (တပေါင်းလပြည့်နေ့) နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲ​​ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ  စုပေါင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအထူးသင်တန်းများ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင်  ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍  အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်းနှင့် ကွန်ပျူတာပန်းချီသင်တန်းတို့ကို  တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားသည်။

ဖြူးမြို့နယ်၌ အင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် ပန်းချီသင်တန်း အခမဲ့ ဖွင့်လှစ် သင်ကြား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်ကာလ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပန်းချီပညာရှင်များအသင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်စာ(Grammar)သင်တန်းနှင့် ပန်းချီသင်တန်းဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး