ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ပေးအပ်ပွဲ ပြုလုပ်
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပြန်ကြားရေးကော်မတီကထုတ်ဝေသည့် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။