ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများ ကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြိုင်ပွဲများ ကျင်းပသည်။

ရွှေကျင်မြို့တွင် အမျိုးသားနေ့အကြောင်း အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက်အတွင်းရှိ မဟာပညာ့ဗိမာန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ (Book Club) ၊ (Woman Club)အဖွဲ့များပူးပေါင်း၍ လူအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်ဇောဟိန်း ရေးသားသည့် "တစ်သက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေး စံကွက်ရိတ်သိမ်း

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မိုးစပါးအထွက်နှုန်း သိရှိစေရေးအတွက် နိုင်ဝင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးကျေးရွာ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း၊ ကွင်းအမှတ် (၈၀၂-ခ) ၊ ဦးပိုင်အမှတ် (၂/၄) ၊ (၃.၅၀) ဧက၊ တောင်သူဦးမောင်ဆန်း၏ အောင်နိုင်တိုးမိုးစပါးအား စံကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မူလွန်(ရဲလှကုန်း)နှင့် မူလွန် (သရက်ကုန်း)တို့၌  ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်နှင့် မွန်းလွဲအချိန်တွင် အဆိုပါကျောင်းများ၌ပြသဆောင်ရွက်ခဲ့သည်။

လက်ပံတန်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၅)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောကို ယမန်နေ့နံနက် ၉ နာရီက မူလွန်ဘီးလင်းတန်းကျောင်း၌ ကျင်းပခဲ့သည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီက ရှားဖြူကုန်း (၁) အ.မ.ကကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး) သင်တန်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ရရှိ

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ပေါင်းတည်၌ ဆောင်းရာသီ ဆီထွက်သီးနှံ ဧက တစ်သောင်းလေးထောင်ကျော် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဆောင်းရာသီ ဆီထွက်သီးနှံ စုစုပေါင်းဧက တစ်သောင်း လေးထောင်ကျော်စိုက်ပျိုးပြီးစီးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရှိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး