ပဲခူးတိုင်းဒေသကြီး

တန်ဆောင်မုန်းလပြည့်နေ့တွင် ပေါင်းတည်၌ သီလဆောက်တည် ဒါနပြုသူများဖြင့်‌စည်ကား

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ နေ့ထူးနေ့မြတ်နေ့ တန်ဆောင်မုန်းလပြည့်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ရှိ ဘုရား စေတီ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်သူ အလှူဒါနပြုသူ ပန်း၊ ရေချမ်း၊ ဆီးမီး ပူဇော်သူများဖြင့် စည်ကားများပြားခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို အုတ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်း ပူဇော်ခြင်းနှင့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအခမ်း အနားအား ယမန်နေ့ညပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ  တက်ရောက်ခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)၌  ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည့်ခံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်း (ပထမနေ့) အား နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီမံမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့နယ်လုံးကျွတ် စုပေါင်းဌာနပေါင်းစုံမဟာဘုံကထိန် ပဒေသာပင်များကို မြို့မဈေး(၁)လမ်းအဝိုင်းတွင် စုရပ်ပြုကာ စီတန်းလှည့်လည်ပွဲ ကျင်းပခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ရေစက်ချဆပ်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် (၃၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များ ရေစက်ချဆပ်ကပ် လှူဒါန်းပွဲအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်‌တော်၌ လက်ျာရစ် (၃)ကြိမ် ဗုဒ္ဓမြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲကျင်းပ

ပြည်မြို့၌ သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကိုအောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက စေတီတော်ရင်ပြင်၌ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည် အပူဇော်ခံပွဲကျင်းပရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပေါင်းတည်၌  ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံ ၅၈၁၀ ဧက စိုက်ပျိုးမည်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌  တောင်သူများသည် ကန်ရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံကို  စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး