ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်း(ထန်းကုန်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၁.၄၂၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄,၉၃၀)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၅) ကျင်းပပြုလုပ်သည်။

သနပ်ပင်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများအကြောင်း မိခင်နှင့်ကလေးများအား အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများအကြောင်း မိခင်နှင့်ကလေးများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေးဟောပြောကို ယမန်နေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်၌ မကူးစက်တတ်သောရောဂါများကာကွယ်ရေး အသိပညာပေးခြင်းနှင့် သွေးတိုးနှင့်ဆီးချို၊ သွေးချိုရောဂါများ စစ်‌ဆေးကုသပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် မကူးစက်တတ်သောရောဂါများ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချို ရောဂါများကုသမှုပေးခြင်းကို နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ဆောင်းသီးနှံ (၅၇၆၀၀) ဧကစိုက်ပျိုးသွားမည်

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် ဒေသတွင်း စာသုံးဆီဖူလုံရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်အတွက် လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နွေးစပါးနှင့် ဆောင်းသီးနှံ စုစုပေါင်း (၅၇၆၀၀) ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇီးကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာ အခြေခံပညာကျောင်း အ.လ.က (လယ်တွင်း) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်  အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ဝါဧက(၇၄၂)ဧက တိုးချဲ့စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ‌တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်းဝါဧက (၇၄၂၂)ဧက  လျာထားစိုက်ပျိုးလျက်ရှိ‌ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်းတည်အကျဉ်းထောင်၌ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်း ကျန်းမာရေးအသိပညာပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အကျဉ်းထောင်၌ တိုင်းဒေသကြီးတီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပြည်ခရိုင်တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲနှင့်ပေါင်းတည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နိုဝင်ဘာလ ၅ ရက်က အကျဉ်းသား ၁၂၄ဦး၊အကျဉ်းသူ ၂၀ ဦး စုစုပေါင်း ၁၄၄ ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ ဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းများအား ကွင်းဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နတ်တလင်းမြို့၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ (၅၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၁နာရီက ဇီးကုန်းကလေးရပ်ကွက် သကျမဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး