ပန်းတောင်းမြို့နယ်၌ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီးအား ပန်းတောင်းတပ်နယ်ရှိ ကာကွယ်ရေးပစ္စည်းထုန်လုပ်မှုတပ်ဖွဲ့ မိသားစုများနှင့် မြို့နယ်သူ၊ မြို့နယ်သားများမှ နေရောင်ခြည်စွမ်းအင်ဆိုလာမီးတပ်ဆင်လှူဒါန်းမှုဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့ညနေ ၅ နာရီအချိန်က စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။