ကဝမြို့နယ် အ.ထ.က (မကျက်ကြီး)ကျောင်း၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းအခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်(၁၀)နာရီက အ.ထ.က (မကျက်ကြီး) ကျောင်း၌ ကျင်းပခဲ့သည်။