ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာနေ သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်နှင့်တွေ့ဆုံကာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းအား စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။