ဝေါမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး
၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင် ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများက မဲရုံအသီးသီးတွင် လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။