အုတ်ဖိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အတွင်း စက်ကိရိယာများ အဆင်ပြေချောမွေ့စွာ မောင်းနှင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၆) စက်မှုလယ်ယာစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။