ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်းကို ယမန်နေ့ နံနက်(၁၀)နာရီက သာဂရကျေးရွာအုပ်စုဝဲ ဒေါင့်ကျေးရွာနှင့် ဂုံမင်းကွင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။