ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်း လမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်မိုးလုံလေလုံ အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

တောင်ငူခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ‌ ပြည့်စုံမှန်ကန်‌စေရေး စစ်ဆေးခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မဲဆန္ဒရှင်စာရင်းများ စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝင်းအတွင်းရှိ နတ်သျှင်နောင်ခန်းမနှင့် ပြည်သူ့ဝန်ဆောင်မှုရုံးတို့၌ ဆောင်ရွက်သည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်းကို ယမန်နေ့ နံနက်(၁၀)နာရီက သာဂရ‌ကျေးရွာအုပ်စုဝဲ ဒေါင့်ကျေးရွာနှင့် ဂုံမင်းကွင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

လက်ပံတန်း၌ မဲရုံမှူးနှင့် ဒုမဲရုံမှူးများ မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀ ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ မွမ်းမံသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက (၂)လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပါတ်)သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့်မြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူများနှင့် ပြည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြည်မြို့နယ်၏ ရပ်ကွက်/ကျေးရွာအုပ်စု ၆၉ အုပ်စုရှိ မဲရုံ ၁၃၃ ရုံ ပြုလုပ်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တောင်ငူမြို့၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအားလူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ စုပေါင်းဆောင်ရွက်လေ့ရှိရာ ယနေ့နံနက် ၅ နာရီခွဲက တောင်ငူမြို့၊ မိုင်ဒါကွင်း၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြစ်ကျိုး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ (၅) ချီအထူးစိန်‌ခေါ်ပွဲများကို ယနေ့ နေ့လယ်(၁)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်း‌ကျောင်းတွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး