ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အသိပညာများရရှိစေရေးနှင့် ငယ်စဉ်အရွယ်မှစ၍ စာဖတ်သည့်အလေ့အကျင့်များရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကို ဒိုင်းတရာကျေးရွာ၊ ဒိုင်းတရာ(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပြွန်တန်ဆာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူး၍ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ကြီးမှူးကျင်းပသော အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

ကျောက်တံခါးမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အခြေခံပညာမူလတန်း(လွန်)(ကြံဘို)နှင့် အခြေခံပညာမူလတန်း(လွန်)(ဥတ္တမာရုံ)ကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်  အ.ထ.က(ပန်းတင်)၌ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက  အ.ထ.က(ပန်းတင်)၌ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်အတွက် ကိုယ်ကာယကြံ့ခိုင်မှုစိစစ်ရွေးချယ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ထူးချွန်ထက်မြက်သော လူရည်ချွန် ကျောင်းသား/သူများ ပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက် အားထားရမည့် အနာဂတ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်​လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုယ်ကာယကြံ့ခိုင်မှု စိစစ်ရွေးချယ်ခြင်းကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မူလွန်ကန်တော်ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်း၊ အထက်တန်း မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင် အမည်စာရင်း ပြည်စုံမှန်ကန်‌စေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ဆက်လက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထား ကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းပါရှိမှု ရှိ/မရှိ သိရှိနိုင်ရန် အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့နံနက်ပိုင်မှစ၍ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ပြီး တိုက်ဆိုင်စစ်ဆေး ကောက်ယူ ဆောင်ရွက်လျက်ရှိသည်။

နတ်တလင်းမြို့၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က(တာပွန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး