သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာ ဈေးများ၊ ကားဂိတ်များတွင် ဖြန့်ဝေပေးခဲ့သည်။