ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများက ဆောင်းဆီထွက်သီးနှံမြေပဲ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဖြူးမြို့နယ်၌ သမဝါယမကဏ္ဍ ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းတွင် စီမံကိန်း ​​ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေလျက်ရှိသည်။

(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရွှေကြို့မြေ ဘိုးဘွားရိပ်သာတွင် (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွင်းဆင်းဆေးကုသခြင်းကို မြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၃ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများ၌ အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ် နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျာင်း(သဲကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတက်စေရန်၊ တန်ဖိုးထားတတ်စေရန်၊ အသိပညာ၊ အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမက( ဖိုးခေါင်)နှင့် အမက( ကူကြီး)ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် (မူလွန်) လက်ပံပုကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က (မူလွန်) လက်ပံပုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စာမေးပွဲ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များ ဖြေဆိုခြင်းကို ယနေ့နံနက်တွင် အ.ထ.က ရေတာရှည်ကျောင်း၌ ကျင်းပပြုလုပ်သည်။

​ဖြူးမြို့နယ်၌ ​မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စိစစ်ခြင်းစာမေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ထူးချွန်ထက်မြက်သော လူရည်ချွန် ကျောင်းသား/သူများပေါ်ထွက်လာစေရန်၊ တိုင်းပြည်အတွက် အားထားရမည့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အခြေခံပညာဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစိစစ်ခြင်းစာမေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး