စစ်ကိုင်းတိုင်းဒေသကြီး

ခန္တီးမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်နှင့် အေရိုးဗစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်

ကလေးမြို့တွင် ၂၀၂၅ ခုနှစ်တွင် ကျရောက်သော ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်ဖူဆယ်နှင့်အေရိုးဗစ်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲပေးပိုင်ခွင့်ရှိသူများအား ကြိုတင်ဆန္ဒမဲကောက်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၅  ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသည့် လဟယ်မြို့နယ်မှ မဲဆန္ဒရှင်အချုပ်သား(၂)ဦးအား ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ခန္တီးမြို့မရဲစခန်းရှိ အချုပ်ခန်းတွင်ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာ သုံးစက်မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက် မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြိုု့နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

နန်းယွန်းမြို့၌ နာဂဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအဉာဏ်ရယူခြင်းအမြင်ဖွင့် သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ တန်ရှန်းနာဂဒေသအတွင်းရှိ အထင်ကရဖြစ်သော မုဒ်တောင်ရေရှည်တည်တံ့စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအညာဏ်ရယူခြင်း အစီအစဉ် အမြင်ဖွင့်သင်တန်းကို နာဂဒေသဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအသင်းနှင့် မိတ်ဖက်အဖွဲ့ဖြစ်သော ကမ္ဘာ့လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ အဖွဲ့ Worldwide Fund for nature (WWF-Myanmar) မြန်မာနိုင်ငံအစီအစဉ်နှင့် ပူးပေါင်းပြီး လိုအပ်သည့် နည်းပညာများ၊ လူစွမ်းအားအရင်းအမြစ်များ၊ အသိပညာများကို ပံ့ပိုးပေးခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ရှန်းနာဂ​ဒေသ၏ သဘာဝအမွေအနှစ်များကို စနစ်တကျ စီမံဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်၍ အမြင်ဖွင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၊ ဂျူပလီဟောခန်းမတွင် ကျင်းပသည်။

ကျွန်းလှမြို့နယ်တွင် ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင်စိုက်ပျိုးသော ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီးဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့လယ် (၁) နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းမူမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မြင်းမူမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြင်းမူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုအနေဖြင့် ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါမိုင်းရပ်ကွက်ရှိ စွမ်းထက်စက်သုံးဆီဆိုင်အား သွားရောက်စစ်ဆေးခဲ့သည်။

ယင်းမာပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ယင်းမာပင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး