ရေဦးမြို့တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြော
အနာဂတ်၏မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေး၏အန္တရာယ်ကိုသိရှိပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။