ကလေးမြို့၌ ဒေသခံပြည်သူများကို စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကလေးမြို့ ချမ်းမြ့အောင်စည်ရပ်ကွက် ကလေးဝလမ်းရှိ ဆီကုန်သည် ဒေါ်ချိုချိုဝင်း၏ နေအိမ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။