စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ လယ်တီရေကန်၊ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦးနှင့် ပြည်ထောင်စုရင်ပြင်မုခ်ဦးဖွင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါရေကန်ရှိမုခ်ဦးတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ဒီဂရီ/ကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ရွှေဘိုမြို့၌ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)ပင်စင်စားများအား UID နံပါတ် Smart Card များပြုလုပ်ဆောင်ရွက်ပေး 

စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (ငြိမ်း) ပင်စင်စားများအ​​နေဖြင့်  ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ် မှန်၊ မမှန်စိစစ်ကာ တိကျမှန်ကန် မြန်ဆန်​စေ​ရေးအတွက် Centralized e-Persion စနစ် ​ဆောင်ရွက်လျက်ရှိရာ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်များသည် Biometric ကောက်ယူခြင်း၊ Smart Card များပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် UID နံပါတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ 

ခန္တီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အတွေးအခေါ်မြင့်မားလာစေရန်၊ စာအုပ်စာပေလေ့လာဖတ်ရှုလိုသည့် စိတ်ဓာတ်များပေါ်ပေါက်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၆) ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျွန်းလှမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံ အဓိကစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (Video Conferencing) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိ(၆၄)ဦး တက်ရောက်ခဲ့သည်။

နန်းယွန်းမြို့၌ အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဦးတွင် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့လယ် ၁ နာရီက ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးလုပ်ငန်းများအား ပိုမိုသိရှိနားလည်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်အတွက် ဝန်ထမ်းစာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများသတင်းလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာပြီး ဝန်ထမ်းတိုင်းပြီးပြည့်စုံသည့် သတင်းတစ်ပုဒ်ရေးသားတတ်စေရန်ရည်ရွယ်၍ သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စုများစာအုပ်ဖြင့် စာဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

ရေဦးမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ(၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ        

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦီးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး