စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရောင်စဥ်လှိုင်းဘော်ဒါဆောင်တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဩဂုတ် ၂၂ ရက်နေ့က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ယင်းမာပင်မြို့၌ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲ ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့က စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ပြသပေးလျက်ရှိကြောင်း သိရသည်။

တမူးမြို့တွင်၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင်ဆုရရှိသူများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ အထိမ်းအမှတ် စံပြနို့တိုက်မိခင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉း၃၀)နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဩဂုတ်လ (၂၀) ရက်နေ့ နေ့လယ်(၁)နာရီအချိန်က သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဩဂုတ်လ (၂၁) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာပညာရေးဒီဂရီကောလိပ်တွင် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဍာန်တူသရုပ် ပြလေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလေးမြို့၌ အငြိမ်းစားပင်စင်စားများအား UID Smart Card များဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ကလေးမြို့နယ်အတွင်းရှိ အငြိမ်းစားပင်စင်စားများအား Biometric Data ကောက်ယူ၍  UID Smart Card များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ လယ်တီရေကန်၊ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦးနှင့် ပြည်ထောင်စုရင်ပြင်မုခ်ဦးဖွင့်ပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါရေကန်ရှိမုခ်ဦးတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ဒီဂရီ/ကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး