စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့ စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲ ဆင်းပွဲ အခမ်းအနားတက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဆင်းပွဲအခမ်းအနားသို့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ် ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္က သိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက် ရောက်ကြသည်။