စစ်ကိုင်းတိုင်းဒေသကြီး

ရွှေဘိုမြို့၌ သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့်  သစ်လွင်သူနာပြု ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်း၌  သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့် သစ်လွင်သူနာ ပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးခြင်း အခမ်းအနားကို ဇွန်လ (၁) ရက်နေ့က သူနာပြုသင်တန်းကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုး‌ရေး စီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရန် ဧက ၁၈၀၀၀ ကျော်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံ လေလုံအားကစားလေ့ကျင့်ရေးခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကော်လိပ် များမှ ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာ ယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ  တက်ရောက်ကြသည်။

မုံရွာမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကုက္ကိုပင် လဲကျ လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မီးသတ်စခန်း အနောက်မြောက်ဘက် (၃)မိုင်ခန့် အကွာ ဒေါနခြံရပ်ကွက်၊ သာစည်လမ်း၊ ဒေါ်မြင့်မြင့်ဦး၏ နေအိမ်ဝန်းအတွင်းရှိ ကုက္ကိုပင်သည် ယနေ့နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်အမြစ်မခိုင်ဘဲလဲကျ ကာကား(၂)စီးနှင့်ဆိုင်ကယ်ပေါ်ပိနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ် ဆိုင်ရာတွေ့ဆုံမေးမြန်း

ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို ဇွန်လ ၃ ရက်နံနက်ပိုင်းက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း တက်ရောက်ပြီး ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်များကို ကောင်းစွာသိရှိ လိုက်နာခြင်းဖြင့် ပြည်သူများ၏ ပိုမိုယုံကြည်အားကိုးမှုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။

ရွှေဘိုမြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနည်းပညာပေးသင်တန်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် သီးနှံမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲနှင့် အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ဇွန်လ (၂)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့၌အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုး‌ရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကကြီးမှူးကျင်းပသော အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းအမည်ဖြင့်ဆောင်ရွက်မည့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂) ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေဘိုခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရွှေ ဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့သည်။

ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနေမှုအား သွားရောက်အားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ခရိုင်စီမံခန်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းကို ဇွန်လ(၁)ရက်နေ့နံနက် ၇ နာရီကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသခန်းမဆောင်၌ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး