စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းမြို့နယ်တွင် နွေစပါးလျာထားဧက ပြည့်မီကျော်လွန်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ နွေစပါးသီးနှံကို ဇန်နဝါရီပထမပတ်မှ စတင်ပျိုးထောင်စိုက်ပျိုးခဲ့ရာ စိုက်ဧက(၄၂၃၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့်စိုက်ပျိုး နိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဖြိုးလျှံမြတ်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်က အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကသာမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖောင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်းမောင်းနှင်းခြင်းနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ ရှောင်တခွင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၂) ရဲစခန်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက် တောင်သူ ၃၁ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများအဖွဲ့က ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်မှ ပြည်သူများအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ဇွန် ၁၀ ရက်နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၃ နာရီက စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးသန်းထွန်းဦး၏ လယ်မြေ၌ ယနေ့နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း သရုပ်ပြပွဲ ပြုလုပ်သည်။

ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မိုးရာသီ​တွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး