စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြရာ တစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက် တောင်သူ ၃၁ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကန့်ဘလူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများအဖွဲ့က ကန့်ဘလူမြို့ အမှတ်( ၄)ရပ်ကွက်မှ ပြည်သူများအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ဇွန် ၁၀ ရက်နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၃ နာရီက စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း ကွင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးသန်းထွန်းဦး၏ လယ်မြေ၌ ယနေ့နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်း သရုပ်ပြပွဲ ပြုလုပ်သည်။

ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မိုးရာသီ​တွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် ၂၀၂၅ ခုနှစ်ပဋ္ဌာန်းကုသလတိက်ဘာသာရပ်နှင့် ဘာသာပြန်ဘာသာရပ်ကိုဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ပဋ္ဌာန်းကုသလတိက်ဘာသာရပ်နှင့်ဘာသာပြန်ဘာသာရပ်ကို မြောက်ကျောင်းပရိယတ္တိစာသင်တိုက်၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စက်ချုပ်နည်းပညာသင်တန်း(အခြခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (အခြေခံ)ဖွင့်ပွဲ အခမ်းအနားတက်ရောက် 

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်း (အခြေခံ)နှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (အခြေခံ)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော မိုးကြိုနွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ဆီထွက်သီးနှံမိုးကြို(နွေနှမ်း)စိုက်ပျိုးမှုကို ဘောင်ကြီးတင်စနစ်အပါအဝင် ကြဲပတ်စနစ်၊ အတန်းစိုက်စနစ်စသည့် စိုက်ပျိုးနည်းလမ်းများဖြင့် စိုက်ပျိုးထားရှိရာ လက်ရှိအချိန်အထိ ရာနှုန်းပြည့်နီးပါး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး