စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်ရာသီ စပါးရိတ်သိမ်းပြီး သီးထပ်အဖြစ်စိုက်ပျိုးသော နေကြာစိုက်ပျိုးထားရှိမှုကို ယနေ့နံနက်ပိုင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီပန်းချီ အခြေခံရေးဆွဲနည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီအခြေခံရေးဆွဲနည်း သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အခမဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၆ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၁၃၈၆ ခုနှစ်၊ ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၅)အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများတွင် Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၌ Grade-5 နှင့် Grade-9 နှစ်ဆုံး‌ စာမေးပွဲများဖြေဆို

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယမန်​နေ့နံနက်ပိုင်းမှစတင်ကာ စာဖြေဌာနအသီးသီး၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လဟယ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သင်္ချာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ပြည့်ဝစေရန်ရည်ရွယ်ပြီး သင်္ချာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ပန်းချီပြိုင်ပွဲကို ယ‌မန်နေ့ နံနက် (၁၀) နာရီအချိန်ကျင်းပသည်။

စစ်ကိုင်းမြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး