ရွှေဘိုခရိုင်ရုံး (Community Centre)ခန်းမ၌ ကွန်ပျူတာပန်းချီ၊ လက်ရေးပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ မိမိဝါသနာပါရာဘာသာရပ်များကိုစနစ်တကျလေ့လာနိုင်စေရန်၊ ကျောင်းစာပြင်ပအသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာပန်းချီ၊ လက်ရေးပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။