စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်နှင့် ပထဝီဝင်ဘာရပ်ကို ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ယမန်နေ့နံနက်(၁၂)နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ကိရိယာ)များ ပေးအပ်ပွဲအခမ်းအနားနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရွှေဘိုတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ရွှေဘိုခရိုင်၊ ရွှေဘိုစက်မှုဇုန်စီမံအုပ်ချုပ်ရေးရုံးတွင် ကျင်းပပြုလုပ်သည့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ဓါတ်မြေဩဇာနှင့် လက်ဆွဲမျိုးစေ့ကိရိယာ)များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ခန္တီးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၆)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင်  ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၆)ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

မုံရွာမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်ရေးကဏ္ဍနှင့် အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ပတ်ဝန်းကျင်ထိန်းသိမ်ရေးကဏ္ဍနှင့် အမျိုးသမီးများစွမ်းဆောင်ရည် မြှင့်တင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ရှိ တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော် တင်လှူခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူခြင်းအခမ်းအနားကို ဖေဖော်ဝါရီ(၂၇)ရက်၊ နံနက်ပိုင်းက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ဆုံဆို့၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ကလေးငယ်များ ရောဂါဘယကင်းဝေးစေရန်အတွက် ဆုံဆို့၊ မေးခိုင်နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ထိုးနှံပေးကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု စတုတ္ထနေ့ဆက်လက်ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သော အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးလူနာ၊ သားဖွားမီးယပ်လူနာနှင့် အထွေထွေရောဂါလူနာများကို စတုတ္ထနေ့အဖြစ် ယမန်နေ့ ကန့်ဘလူမြို့ မြို့တော်ခန်းမ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၊ မြို့မဈေးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာ‌ပေး မီးငြှိမ်းသတ်‌ရေး ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေး၊ သရုပ်ပြ‌‌လေ့ကျင့်မှုကို ဟုမ္မလင်းမြို့၊ မြို့မဈေးရှေ့တွင် ယမန်နေ့နံနက် (၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သိပ္ပံဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာရပ်တို့ကို ဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲဆဋ္ဌမနေ့ သိပ္ပံဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ယမန်နေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး