ခန္တီးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲ စတင်ဖြေဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့မှစ၍ အတန်းတင်စာမေးပွဲကို အခြေခံပညာကျောင်းပေါင်း (၉၁)ကျောင်း ဖြေဆိုလျက်ရှိရာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများက အတန်းတင်စာမေးပွဲကိုလည်းကောင်း၊ Grade12 များက အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစာမေးပွဲကိုလည်းကောင်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။