စစ်ကိုင်းမြို့နယ်တွင် ကုလားပဲဧက(၂၆၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်(၂၆၉၀၉)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် (၂၆၉၁၁)ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။