ကန့်ဘလူမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မေ ၂၅ ရက်နံနက် ၈ နာရီက တောက္ကရှပ်ကျေးရွာ ဦးပိုင်အမှတ် ၆၁၅၊ ကျွဲကျောင်းတဲကွင်း တောင်သူ ဦးစိုးဝင်း၏ လယ်မြေ ၁ ဒသမ ၉၀ ဧက၌ ဆောင်ရွက်သည်။