စစ်ကိုင်းတိုင်းဒေသကြီး

တမူးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းစတင်လက်ခံ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင်လည်း မေလ ၂၅ ရက်နံနက် ၈ နာရီမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၊ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို တပြိုင်တည်း ကျောင်းအပ်နှံရေး စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ‌ထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းဦးဆောင်သော ဝန်ထမ်းများသည် မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Comniunity Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာစကားပြော Four skill သင်တန်းသား/သူ များ၊ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းသား/သူများနှင့် ပြန်/ဆက် ဝန်ထမ်းမိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ‌ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၁၀၀၀၀ ကျော်လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် ပဲမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ဧက ၁၀၀၀၀ ကျော်လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ‌ထုတ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်း ဦးဆောင်သော ဝန်ထမ်းများသည် မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Comniunity Centre ခန်းမတွင် နွေရာသီအင်္ဂလိပ်စာ စကားပြော Four skill သင်တန်းသား/သူများ၊ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းသား/သူများနှင့် ပြန်/ဆက်ဝန်ထမ်းမိသားစုဝင်များအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ‌ထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက်များ တာဝန်​ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့သည်။

ရွှေဘိုမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့ခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက်(၉)နာရီက မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူး၊ ရွှေဘိုခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ရွှေဘိုမြို့၌ မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊‌ ရွှေဘိုမြို့၌ မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉) နာရီက ရွှေဘိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရန်ကြီးအောင်ပန်းခြံရှေ့ကျုံးအနီးတွင် ဆောင်ရွက်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် ပိုမိုမြင့်မားလာစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် "အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း" ဆင်းပွဲအခမ်းအနားကို မေ ၂၂ ရက်နေ့နံနက် (၁၀) နာရီက ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လေရှီးမြို့၌ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် လှေကားထစ်လယ်ယာ လုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲဆောင်ရွက်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက် (၁၁) နာရီအချိန်က လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာအုပ်စု၊ ရေဒေါင်ကျေးရွာနေ တောင်သူ ဦးယားပေါ့၏ လယ်ကွက်၌ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် လှေကားထစ်လယ်ယာလုပ်ကိုင်ဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲ အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင်းမူမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မြင်းမူမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး