စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅) တက်ရောက်

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်း ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  

တမူးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်( ၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူ‌ဆယ်ဘောလုံးပြိုင်ပွဲကို ရွှေကျွန်းမြေမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာ (၂၈) ရက်‌နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများမဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊‌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတိပြုလိုက်နာရမည့်အချက်များအား ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်ပြီး ရေဦးမြို့တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများ‌ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၀၈:၀၀ နာရီက ရေဦး-မကျီးတောလမ်းတွင် စုပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့နယ်ရှိ မော်တော်ယာဉ်ပိုင်ရှင်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ မြို့မရဲတပ်ဖွဲ့စခန်း ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက မော်တော်ယာဉ်ပိုင်ရှင်များ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံကျင်းပပြုလုပ်မည့်နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာမဲရုံမှူးများနှင့် ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်  လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး