စစ်ကိုင်းတိုင်းဒေသကြီး

ကသာမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် Placement Test (အထူးအစီအစဉ်) ဖြင့်စာမေးပွဲ ဒုတိယနေ့ စိတ်အေးချမ်းစွာဆက်လက်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်  Placement Test စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေး ချမ်းစွာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြည်သူ့အားကစားကွင်း၌တွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ (ဒုတိယနေ့)ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ(ဒုတိယနေ့)ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉) နာရီ အချိန် က အ.ထ.ကကျောင်းတွင် မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ကြသည်။

မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တား ဆီးရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အ.မ.က(၃) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌ တောင်သူများကိုပိုက်ဆံလျှော်ဓာတ်မြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မိုးစပါးစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော်ဓာတ် မြေဩဇာများကိုအခမဲ့ ထောက်ပံ့ပေး အပ်ခြင်းကို ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့မ(၁)ရပ်ကွက် စွယ်တော်ရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တမူးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း  ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ ကာလ လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇွန် ၁၆ ရက်နေ့က သဖန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဇွန်လ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ "ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး" လှည့်လည်အသိပေးနိုးဆော်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊" ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး" လှည့်လည်အသိပေး နိုးဆော်ပေးခြင်းကို မေ ၂၀ ရက်နေ့နံနက် (၈) နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှေ့မှစတင်၍ မြို့အတွင်း  ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံပွဲ ကတ်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည်၊ ပွဲစား၊ စက်ပိုင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး