စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များဖြန့်ဝေ၊ မော်တော်ယာဉ်များအား စတစ်ကာများကပ်ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မော်တော်ယာဉ်များအား စတစ်ကာများ လိုက်လံကပ်ထားပေးခြင်းကို တိုင်းဒေသကြီး/ခရိုင် အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ ဒီဇင်ဘာအားကစားလမူလတန်းအဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မူလတန်းအဆင့်ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်၍ ပြည်သူ့အားကစားကွင်း၌ ကျင်းပလျက်ရှိသည်။

တမူးမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ အားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များအား ယမန်နေ့နံနက် (၁၀) နာရီမှစ၍ လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် အမည်စာရင်း ပါ၊ မပါ သိရှိနိုင်ရန် ယမန်နေ့က တာဝန်ရှိသူများ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးမြို့၊ ဟဲဇင်းကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဟဲဇင်းကျေးရွာ စည်သာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး‌၊ ရွှေဘိုတက္ကသိုလ်တွင် (၁၁) ကြိမ်းမြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ အသက် ၁ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေး​ခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခန္တီးမြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ရွှေဘိုမြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး