စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်း ၄ မျိုး ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်း ခြင်များပေါက်ဖွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြတ်များနှင့် ပလပ်စတစ်အမှိုက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပထမအကြိမ် မဲစာရင်းကြေညာရန်အတွက် မဲစာရင်းစိစစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လဟယ်မြို့တွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်တိုက်ဖျက်‌ ရေးအသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင်ကျရောက်သည့် (၁၉) ကြိမ် မြောက်ကမ္ဘာ့ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကင်းစင်‌‌ရေး မနှေးအမြန်လက်တွဲပေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community center ခန်းမ၌ ကျင်းပပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

နန်းယွန်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခန္တီးမြို့၌ ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ(KTV)ဆိုင်များအား စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ    ကာရာအိုကေ(KTV)ဆိုင်များ၌ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘို အ.ထ.က(၁)၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ခွေးရူးရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခွေးရူးရောဂါကာကွယ်တာဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လူမှု့ဝန်ထမ်းကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထား​ရေးဝန်ကြီးဌာန၊ ​လူမှုဝန်ထမ်းဦးစီးဌာန​ရွှေဘိုမြို့နယ်မူလတန်းကြို​ကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်ကကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက​မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ​ဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်​ပေးရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး