စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာမြို့၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူးပြီး ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ လုံးဝကင်းစင်သွားစေရန် ရည်ရွယ်ကာ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုးကျေးရွာတွင်း ကွန်ကရစ်တံတားနှင့် ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကသာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌‌ပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများသို့ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာ‌ပေး သင်တန်းဖွင့်ပွဲကို ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် လွှတ်တော် ကိုယ်စားလှယ်လာင်းများစတင် စိစစ်ခြင်း လုပ်ငန်းဆာင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်အထွေထွေရွှေးကောက်ပွဲတွင် (PR/FPTP) မဲဆန္ဒနယ်တွင်၀င်ရောက်ယှဉ်ပြိုင်ကြမည့် နာဂဒေသ (လေရှီး၊ လဟယ် ၊နန်းယွန်း)မြို့နယ် များမှ လွှတ်တော် ကိုယ်စားလှယ် လောင်းများအားစိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်တွင် နာဂဒေသ ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ပါသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရေးနှင့်လျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် အဓိကသီးနှံမျိုးစုံကို ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ၆၁၄၅၀၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၆၃၉၆၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့်စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၁၀၄ ဒသမ ၁၀ ရာခိုင်နှုန်းရှိကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲ မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆) တောင်သူဦးနိုင်၏ လယ်မြေ ၂ ဧက၌ ကျင်းပသည်။

ကသာမြို့၌ ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး Plastic Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ကသာခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ ပတ်ဝန်းကျင်သာယာလှပစေရန် ပလတ်စတစ်ကင်းစင်ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၇)နာရီအချိန်က ဗိမြို့တော်ခန်းမရှေ့မှ အ.မ.က(၄)လမ်းတစ်‌လျှောက်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကသာခရိုင်၌ မိုးစပါးစိုက်ဧက (၁၇၃၆၂၅) စိုက်ပျိုးရန် လျာထား

ကသာခရိုင်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာတွင် မိုးစပါးစိုက်ဧက (၁၇၃၆၂၅)စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ (၁၇၁၇၃၃)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး​ပေါင်းဖွင့်လှစ်သည့်  ဆံပင်ဆံအုပ်(ဘိုးကလစ်) ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့​နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးမြေပဲစိုက်ဧက ၄၁၀၀ ကျော်ရိတ်သိမ်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော မြေပဲစိုက်ဧက ၄၁၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး