စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဌာနဆိုင်ရာများ၊ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်များ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ရွှေကျွန်းတောလမ်းဘေး၌ ရောင်းချပေးသည်။

ဓနုဖြူမြို့နယ်၌ စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျုံတနီးတိုက်နယ်၊ မင်းဂရုလမ်းရှိ New Land စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော၊ စာအုပ်စာစောင်နှင့် နံရဲကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခြင်း

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်၊ ရတနာစေတီဆင်များရှင်စေတီတော်၊ မဟာစေတီတော်ကြီးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ဘုန်းတော်ကြီးသင် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများစာ‌ပေဗဟုသုတများ‌ လေ့လာဖတ်ရှုနိုင်ရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်ကို ယနေ့နံနက်(၁၁)နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

နာဂဒေသလေရှီးမြို့၌ က‌လေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အ.ထ.ကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြနကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ

 စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ် (၅) အ​​ခြေခံပညာအထက်တန်း​ကျောင်းတွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

နန်းယွန်းမြို့တွင် တစ်ပိုင်တစ်နိုင် ဝါး၊ကြိမ်များကိုအသုံးပြု၍ ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုးရက်လုပ်၍ မိသားစုအပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် တောင်သူကြီးများအချို့က မိသားစုဝင်ငွေရရှိရေးအတွက် ဒေသထွက်ကုန်ကြမ်းများဖြစ်သော ဝါး၊ ကြိမ်များခုတ်ယူပြီး ခွဲခြမ်းစိတ်ဖြာ၍ ကုန်ချောအဖြစ် ဖျာ၊ ပလိုင်း၊ ခြင်းတောင်းအမျိုးမျိုး ရက်လုပ်၍ရောင်းချရာ မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွန်းမံတည်ဆောက်ရေး တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စေတီတော်ကြီးများအား ပြန်လည်မွန်းမံတည်ဆောက်ခြင်း၊ စေတီတော် ကြီးများ၏ ဆောင်းတန်းများ ပြန်လည်မွန်းမံတည်ဆောက်ခြင်းနှင့် သာသနိက အဆောက်အဦများ ပြန်လည်မွန်းမံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ လျာထားချက်ထက် ဧက ၂၆၀၀ ကျော်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး