တမူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူများဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံများအား ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။